Connect with us

Videos

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ် ပေါက်ကွဲမှုတွင် ရဲ ၇ ဦးနှင့် အရပ်သား ၃ ဦး သေဆုံး

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် အနီး ဂီဇာပြည်နယ်တွင် အကြမ်းဖက်သမားများ ပုန်းအောင်းရာ နေရာ တစ်ခုကို လုံခြုံရေး တပ်များ ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ (၂၂) ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ ရရှိထားသော သတင်းများအရ ရဲ ၇ ဦးအပါအဝင် လူပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဂီဇာပြည်နယ် Mariotya ခရိုင်ရှိ အကြမ်းဖက်သမား အဖွဲ့ ပုန်းအောင်းရာအဖြစ် အသုံးပြုသည့် တိုက်ခန်းတစ်ခုတွင် စနက်တံပြုတ်ခါနီး ဗုံးတစ်လုံးအား ရဲအဖွဲ့က ဖယ်ရှားရန် ကြိုးပမ်းရာမှ ပေါက်ကွဲခဲ့ ခြင်း ဖြစ်သည်။

အီဂျစ်နိုင်ငံသည် အထူးသဖြင့် ဆိုင်းနိုင်း ကျွန်းဆွယ်ဒေသတွင် အစိုးရ ဆန့်ကျင် တိုက်ခိုက်မှုများအား ရင်ဆိုင် နေရပြီး ယင်းတိုက်ခိုက်မှုများကြောင့် ရဲနှင့် စစ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။
အကြမ်းဖက် တိုက်ခိုက်မှု အများစုမှာ Ansar Bayt al-Maqdis စစ်သွေးကြွအဖွဲ့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး ယင်းဒေသ အား ဆိုင်းနိုင်း နိုင်ငံ ဟု အမည်ပြောင်းလဲကာ အိုင်အက်စ် အဖွဲ့ သစ္စာခံယူကြောင်း ကြေညာထား သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.