Connect with us

Videos

အီတလီတွင်တံတားကျိုးကျမှုဖြစ်ပွား

ရောမ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ၏ အနောက်မြောက်ပိုင်းမြို့ဂျီနိုအာတွင်သြဂုတ်လ ၁၄ ရက်နေ့က Morandi မြစ်ကူးတံတား ၏ မီတာ ၁ဝဝ ခန့် ကျိုးကျ မှုဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းအထိ ရရှိထားသည့် သတင်းများအရအနည်းဆုံး လူ ၂၂ ဦးအထိ သေဆုံးခဲ့ကြောင်းသိရသည်။ တံတားပေါ်၌ မော်တော်ကားများနှင့်ထရပ်ကားအစင်း ၂ဝ ခန့်ဖြတ်သန်းမောင်းနှင်နေစဉ် တံတားကျိုးကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် ည ၁၂နာရီမထိုးခင်တံတားကျိုးကျမှုဖြစ်ပွားခဲ့ပြီးနောက် ၂ နာရီအတွင်း အပျက်အစီးများကြားမှ လူ ၃ ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မီးသတ်ဋ္ဌာနမှ တာဝန်ရှိသူက ဆိုသည်။ Morandi တံတားမှာ ၁၉၆ဝ ခုနှစ်များဆီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ကမ်းရိုးတန်းမြို့တစ်မြို့ ဖြစ်သည့် ဂျီနိုအာမြို့တွင် သွားလာအသုံးပြုမှုအများဆုံးဖြစ်သည့် မြစ်ကူးတံတားတစ်စင်းလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.