Connect with us

Videos

အောင်ပွဲအတွက် အပြီးသတ် မကြေညာရသေးသော်လည်း အနိုင်ရပြီဖြစ်ကြောင်း ဂျိုးဘိုင်ဒန်ပြော

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် /စုဝင့်

အမေရိကန်ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဂျိုးဘိုင်ဒန် သည် “အောင်ပွဲအတွက် နောက်ဆုံး ကြေညာချက်မရရှိသေးသော်လည်း အနိုင်ရပြီဟု” ပြောကြားခဲ့သည်။

ဘိုင်ဒန်က “ ကျွန်တော်တို့အနေနဲ့ အောင်ပွဲအတွက် အပြီးသတ်ကြေညာချက်တစ်ခုမရှိသေးပေမယ့် မဲရလဒ်တွေအရ အနိုင်အရှုံး ကွဲပြားသွားပါပြီ ၊ အခု ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အနိုင်ရနေပြီပေါ့” ဟု ယမန်နေ့ညက မွေးရပ်ဇာတိဖြစ်သည့် Delaware ပြည်နယ် Wilmington မြို့၌ မိန့်ခွန်းပြောကြားစဉ် ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

ဘိုင်ဒန်က ၎င်းအနေဖြင့် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကိစ္စအပါအဝင် အမေရိကန်နိုင်ငံ၏ စီးပွားရေး၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာနှင့် လူမျိုးရေးခွဲခြားမှု စနစ်များကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း နှင့် အမေရိကန်နိုင်ငံကကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန်အတွက် ဒုသမ္မတ Kamala Harris နှင့်အတူ ကျွမ်းကျင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.