Connect with us

Videos

အွန်လိုင်းမှ တစ်ဆင့်မှာယူသည့် ပစ္စည်းများကို ထုတ်ပိုးပြင်ဆင်ပုံ 

ရှင်းကျန်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ရှိ Changji ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီတွင် ပို့ဆောင်ရန်ရောက်ရှိလာသော ကုန်ပစ္စည်းများကို အွန်လိုင်းမှ တစ်ဆင့်မှာယူသူများထံသို့မပို့ဆောင်မီ ပစ္စည်းများကို အမျိုးအစား တူရာအလိုက် ခွဲခြားပြီးနောက် အဆင့်ဆင့်ထုတ်ပိုးပြီး ပိုးသန့်စင်ထားရှိလျှက်ရှိသည်။ တရုတ်နိုင်ငံတွင် COVID-19 ကြောင့် လုပ်ငန်းများရပ်နားထားရပြီး လက်ရှိအချိန် တွင် လုပ်ငန်းများပြန်လည် စတင်လျှက်ရှိရာ အလုပ်သမား ၉၅ ရာခိုင်နှုန်းခန့် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လျှက်ရှိသည်။  ပို့ဆောင်ရေးကုမ္ပဏီသည် နေ့စဉ် ကုန်ပစ္စည်း အထုတ်ရေပေါင်း ၄သိန်းခွဲမှ ၅သိန်းကြားတွင် ပို့ဆောင်ပေးရသည်။  ကုန်ပစ္စည်းများကို အမျိုးအစား ၆ မျိုး အထိ ခွဲခြားသည့်စနစ်ကိုအသုံးပြုကာ ထိုအထဲမှ စနစ် ၄ မျိုးမှာ အလိုအလျောက်စနစ်ကိုအသုံးပြုထားကြောင်းသိရသည်။  အွန်လိုင်းမှ တစ်ဆင့်မှာယူသည့် ပစ္စည်းများကို မည်သို့ ထုတ်ပိုး ပို့ဆောင်သည်ကို သိရှိနိုင်စေရန် ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးထားပါသည်။   (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.