Connect with us

Videos

ဂျက်မာဖောင်ဒေးရှင်းမှ အာဖရိကတိုက် ၅၄ နိုင်ငံသို့ လှူဒါန်းသည့် COVID-19 တိုက်ဖျက်ရေး ပစ္စည်းများ ရောက်ရှိ

အဒစ် အဘာဘာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အွန်လိုင်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ဂျက်မာဖောင်ဒေးရှင်းမှ အာဖရိကတိုက်ရှိ နိုင်ငံပေါင်း  ၅၄ နိုင်ငံသို့ COVID-19 တိုက်ဖျက်ရေး ပစ္စည်းများပေးပို့ လှူဒါန်းသည့် လေယာဉ်သည် မတ် ၂၂ ရက်တွင် အဒစ်အဘာဘာမြို့သို့ရောက်ရှိ ခဲ့ကြောင်း သိရသည်။ ဂျက်မာ ၏ လှူဒါန်းမှုများတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံအတွက် နှာခေါင်းစည်း အခုရေ ၅.၄ သန်း၊ COVID-19 စစ်ဆေးသည့်ကိရိယာအစုံ ၁သန်းနှင့် အကာအကွယ်ဝတ်စုံများပါဝင်ပြီး တစ်နိုင်ငံလျှင် နှာခေါင်းစည်း အခုရေ၁သိန်း, COVID-19 စစ်ဆေးသည့်ကိရိယာအစုံ ၂သောင်းနှင့် မျက်နှာ နှင့် ခန္ဓာကိုယ် အကာအကွယ် ဝတ်စုံ အစုံ ၁,၀၀၀ တို့ အသီးသီးလှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.