Connect with us

Videos

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲလာရောက်ပေးကြသည့်ပြည်သူများ၏ စကားသံများ

ရန်ကုန် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး /ဝေယံ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပသည့် ယနေ့တွင် မဲဆန္ဒရှင်ပြည်သူများသည် new normal ပုံစံဖြင့် မျက်နှာဖုံး အကာအကွယ် ၊ နှာခေါင်းစည်းများ တပ်ဆင်ထား၍ သတ်မှတ်မဲဆန္ဒနယ်များရှိ မဲရုံအသီးသီး ရှေ့တွင် စီတန်း စောင့်ဆိုင်း ကာ ဆန္ဒမဲပေးခဲ့ကြသည်။

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဦးရေ ကိန်းဂဏန်းသည် နေ့စဉ် နှင့် အမျှ မြင့်လာနေခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ရှိကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့ ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား မဲပေးရွေးချယ်ရန် ပြည်သူများ စိတ်အားထက်သန်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးအား ရွေးကောက်တင်မြှောက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ ဒသမ ၃ သန်းကျော်ရှိခဲ့ပြီး မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန်အတွက် မဲရုံပေါင်း ၄၂,၀၀၀ ကျော် ဖွင့်လှစ်ပေးထားခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး နှင့် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ်ဦးရေ အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.