Connect with us

Videos

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင်မည်သည့်အသင်းအနိုင်ရမည်ဟုမှန်ကန်စွာခန့်မှန်းနိုင်သည့်ကြောင်ကလေး

စိန့်ပီတာစဘာ့ဂ်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမှ အာခီလိဟုအမည်ရသည့်ကြောင်လေးမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ရုရှားအသင်း အနိုင်ရမည်ဟုဟောကိန်းထုတ်ခဲ့သည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်တွင် ကျင်းပသည့် ၂ဝ၁၈ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုရှားနိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့ ယှဉ်ပြိုင်သည့်ပွဲစဉ်အတွင်းရုရှားက အနိုင်ရမည်ဟုဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ထိုကြောင်လေးမှာ အကြားအာရုံချို့ယွင်းနေသော်လည်း ဘောလုံးပွဲတွင်မည်သည့် အသင်းအနိုင်ရမည် ဟုသိမြင်ခံစားနိုင်သည့် အာရုံရှိသည်ဟုဆိုသည်။ တောက်ပသည့်မျက်လုံးပြာများကိုပိုင်ဆိုင်ထားသော အဖြူရောင်ကြောင်ကလေး အာခီလိအား ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခန့်မှန်းပေးနိုင်ရန် လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

ဘောလုံးပွဲရလဒ်ကိုခန့်မှန်းနိုင်ရန်အတွက် ပုံစံတူအစာခွက် ၂ ခုကို ကြောင်၏ ရှေ့တွင် ချထားပြီး တစ်ခွက်စီတွင် နိုင်ငံတစ်ခုစီ၏ အလံတို့ကို စိုက်ထူထားသည်။ ကြောင်လေးအာခီလီမှာ အနိုင်ရမည့် ရုရှားအသင်းအလံရှိသည့်အစာခွက် ကို စားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.