Connect with us

Videos

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ခရီးသည်တင်ဘတ်စ်ကားတိုက်မှုကြောင့် ၁၄ ဦး သေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Chakwal ခရိုင်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ဇွန် ၁၇ ရက်တွင် တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။ယင်းဖြစ်စဉ်မှာ ခရိုင်အတွင်းရှိ Kallar Kahar နယ်မြေအနီး ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ပြီး ဘရိတ် ချို့ယွင်းမှုကြောင့် ယာဉ်မောင်းဖြစ်သူသည် ယာဉ်ကို မထိန်းနိုင်ဘဲ တိုက်မိသွားခဲ့ကြောင်း အမြန်လမ်း နှင့် ကားလမ်း ရဲတပ်ဖွဲ့ ဒုတိယရဲမှူးချုပ် Muhammad Yusuf Malik က ပြောကြားခဲ့သည်။

ယာဉ်မတော်တဆဖြစ်စဉ်တွင် သေဆုံးသူများအနက် အမျိုးသမီး ငါးဦး နှင့် ကလေး ၃ ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ယင်းဘတ်စ်ကားသည် မြို့တော် အစ္စလာမ်မာဘတ်မှ ပန်ဂျပ်ပြည်နယ်၏ မြို့တော် လာဟိုးသို့ သွားရောက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
——————————
14 killed, 20 injured in passenger bus crash in Pakistan’s Punjab
At least 14 people were killed and over 20 others injured when a passenger bus turned turtle in the Chakwal district of Pakistan’s eastern Punjab province on Saturday, police officers said.
The accident took place on the motorway near the Kallar Kahar area of the district when the driver of the bus lost control of the vehicle due to brake failure, leading to the tragic crash, Deputy Inspector General of National Highways and Motorway Police Muhammad Yusuf Malik said.
At least five women and three children are among the people who have lost their lives in the accident, the officer said, adding that the bus was on its way to Lahore, the provincial capital of Punjab, from the federal capital Islamabad when the accident took place.
Xinhua News Agency correspondents reporting from Islamabad.(XHTV)