Connect with us

Videos

ဂျာမနီကားပစ္စည်းများပေးသွင်းသူက တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ယုံကြည်မှုရှိ

ရှန်ဟိုင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ဂျာမနီကားပစ္စည်းများ ပေးသွင်းသူ Continental က တရုတ်နိုင်ငံ၏ အလိုအလျောက် မောင်းနှင်နိုင်သည့် ယာဉ်ဈေးကွက်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချနေလျက် ရှိပြီး တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ယင်းမှတ်ချက်အား ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Nikolai Setzer က ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အထူးသဖြင့် တရုတ်ဈေးကွက်မှာ ၊ အလိုအလျောက် မောင်းနှင်မှုစနစ်မှာ ကျွန်တော်တို့တွေက အလွန်ခိုင်မာအားကောင်းတဲ့နေရာတစ်ခု ရှိပါတယ်။ ကျွန်တော်တို့တွေက Horizon Robotics နဲ့ အရင်ထဲက ဖက်စပ် လုပ်ငန်းကို ကြေညာခဲ့ပါတယ်။ ဒါကဘေးကင်းလုံခြုံတဲ့ ရွေ့လျားသွားလာမှု နဲ့ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးတို့အတွက် အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်”ဟု Continental ၏ CEO ဖြစ်သူ NIKOLAI SETZER က ပြောကြားခဲ့သည်။
Continental သည် ၁၉၉၄ ခုနှစ်တွင် တရုတ်ဈေးကွက်အတွင်း စတင်လည်ပတ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် Continental သည် တရုတ်နိုင်ငံ၌ ထုတ်လုပ်ရေးအခြေစိုက်နေရာ ၂၃ ခု နှင့် R&D စင်တာ ၂၈ ရှိပြီး အလုပ်သမားပေါင်း ၁၇,၆၀၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————-

GLOBALink | German car parts supplier confident in expanding investment in China
German car parts supplier Continental remains optimistic about China’s autonomous driving market and will keep expanding its investment in the country.
The remarks were made by the chief executive officer of the company Nikolai Setzer at its annual press conference this week.
Voice of interpreter
SOUNDBITE 1 (German/English interpretation): NIKOLAI SETZER, CEO of Continental
“Specifically in the Chinese market, in autonomous mobility, we have a very strong footprint. We announced a joint venture with Horizon Robotics some time ago, it is a very important part in order to provide safe mobility and further improvement.”
Continental started to operate in the Chinese market in 1994.
Today, it has 23 production bases and 28 R&D centers in the country, with 17,600 employees.
Xinhua News Agency correspondents reporting from Shanghai, China.(XHTV)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.