Connect with us

Videos

တူရကီနိုင်ငံသမ္မတက ရွေးကောက်ပွဲကျင်းပမည့်ရက်သတ်မှတ်

အန်ကာရာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသမ္မတရီဆပ်တေရစ် အာဒိုဂန်က တူရကီနိုင်ငံ၏ သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများအား သတ်မှတ်ထားသည်ထက် တစ်လစော၍ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ရန် မတ် ၁၀ ရက်တွင် တရားဝင်သတ်မှတ်လိုက်ကြောင်း သိရသည်။သတင်းစာရှင်းလင်းပွဲ၌ သမ္မတအမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတအာဒိုဂန်က ဇွန် ၁၈ ရက်တွင် ကျင်းပရန် သတ်မှတ်စီစဉ်ထားခြင်းအား မေလ ၁၄ ရက်တွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန် ၎င်း၏ လုပ်ပိုင်ခွင့်အနေဖြင့် တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံ ပုဒ်မ ၁၁၆ အား ကိုးကားခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံသမ္မတ ရီဆပ်တေရစ် အာဒိုဂန်က “တူရကီနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ ကို ကိုးကားပြီးတော့ ဇွန် ၁၈ ရက်မှာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို မေလ ၁၄ ရက်မှာ ပြန်လည်ကျင်းပဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်အား တူရကီနိုင်ငံ၏ တရားဝင်ပြန်တမ်း၌ မတ် ၁၁ ရက်တွင် ထုတ်ပြန်ပြီးနောက် ရွေးကောက်ပွဲဘုတ်အဖွဲ့က နှစ်လကြာ ရွေးကောက်ပွဲအချိန်ဇယားအား စတင်သွားမည် ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် တက္ကသိုလ်စာမေးပွဲများအား ဇွန် ၁၈ ရက်တွင် ကျင်းပရန် စဉ်းစားပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
#Turkish #Erdogan #Elections #တူရကီနိုင်ငံ #အာဒိုဂန် #ရွေးကောက်ပွဲများ
———————————-
Turkish president sets elections date for May 14
Turkish President Recep Tayyip Erdogan on Friday officially sets the country’s presidential and parliamentary elections for May 14, a month earlier than scheduled.

Signing a presidential decree at a press conference, the president cited the Article 116 of the Turkish Constitution as his mandate to renew the elections on May 14, which were scheduled to be held on June 18.

SOUNDBITE (Turkish): RECEP TAYYIP ERDOGAN, Turkish President
“Citing Article 116 of the Turkish Constitution, I decide that the elections scheduled on June 18 will be renewed on May 14.”

The Supreme Election Board will launch a two-month election schedule after the decision is published on the country’s official gazette on Saturday, Erdogan told reporters.

He added the decision was made considering university exams would take place on June 18, along with seasonal movements of Turkish citizens after schools are closed.

Xinhua News Agency correspondents reporting from Ankara.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.