Connect with us

Videos

ကင်မရွန်းနိုင်ငံ၌ အထက်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပ

ယာအွန်ဒီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ၏ အထက်လွှတ်တော်ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးခြင်းအား မတ် ၁၂ ရက်တွင် နိုင်ငံအတွင်းရှိ ဒေသ ၁၀ ခုတွင် မဲရုံပေါင်း ၁၉၈ ရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ကင်မရွန်းဆီးနိတ် သို့မဟုတ် အထက်လွှတ်တော်တွင် မဲဆန္ဒနယ် ၁၀၀ ရှိသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၁၀ ခုမှ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၇၀ အား ရွေးကောက်သွားမည် ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၃၀ အား သမ္မတ Paul Biya က ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်း ဖြစ်သည့် Elections Cameroon (Elecam) ထံမှ သိရသည်။

“ကျွန်တော် ဝမ်းသာမိပါတယ်။ နိုင်ငံသား ၊ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ကျွန်တော်ရဲ့တာဝန် ကျေပွန်သွားပြီ ဖြစ်ပါတယ်”ဟု မြူနီစပယ်ကောင်စီဝင် INOUSSA HAMADOU က ပြောကြားခဲ့သည်။
အထက်လွှတ်တော်ကိုယ်စားလှယ်များကို ငါးနှစ်တာသက်တမ်းအတွက် ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကင်မရွန်းနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ပထမဆုံး အထက်လွှတ်တော်ရွေးကောက်ပွဲများအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
Senate elections held in Cameroon
Voting for Cameroon’s Senate elections was held on Sunday at 198 polling stations in 10 regions of the country.

Cameroon Senate, or the Upper House of the Parliament, has 100 seats.

According to Elections Cameroon (Elecam), the electoral body, 70 senators will be elected from 10 political parties which took part in the elections, and 30 senators will be appointed by President Paul Biya.

SOUNDBITE 1 (French): INOUSSA HAMADOU, Municipal councilor
“I have a feeling of joy. As a citizen and voter, I have just fulfilled my duties.”

The senators will be elected for a five-year mandate.

The central African nation held its first Senate elections in 2013.

Xinhua News Agency correspondents reporting from Yaounde.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.