Connect with us

Videos

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ အထက်တန်းကျောင်းသား/သူများအတွက် တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ ကျင်းပ

ဟနွိုင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ နိုင်ငံခြားအထက်တန်းကျောင်းသားများအတွက် ၁၆ ကြိမ်မြောက် Chinese Bridge တရုတ်ကျွမ်းကျင်မှုပြိုင်ပွဲ မြောက်ပိုင်း နှင့် အလယ်ပိုင်း နောက်ဆုံးပွဲစဉ်သည် မေ ၂၂ ရက်တွင် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။ယင်းပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နှင့် တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနတို့အောက်ရှိ ဘာသာစကားပညာရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာက ပူးပေါင်းစီစဉ်မှုနှင့် ဟနွိုင်းတက္ကသိုလ်က ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟနွိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် နောက်ဆုံးပွဲစဉ်တွင် အဓိကဆိုလိုရင်းစကားပြော ၊ တရုတ်ဗဟုသုတဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ၊ ကျပန်းစကားပြောခြင်း နှင့် စွမ်းရည်ပြိုင်ပွဲ အပါအဝင် လေးပိုင်းခွဲခဲ့ကြောင်း သိရသည်။ (Xinhua)

———————–
Chinese language skills contest for high school students held in Hanoi
The final round of the northern and central section of the 16th Chinese Bridge Chinese Proficiency Competition for Foreign High School Students concluded here on Sunday.
The event was held by Hanoi University and co-organized by the Center for Language Education and Cooperation under China’s Ministry of Education and the Chinese Embassy in Vietnam.
The final round was divided into four parts, including a themed speech, a Chinese knowledge quiz, an impromptu speech and a talent show, held offline at the meeting hall of Hanoi University.
Xinhua News Agency correspondents reporting from Hanoi. (XHTV)