Connect with us

Videos

အသေးစိတ်အစီအစဉ်မှ စီးပွားဖြစ်လေယာဉ်အထိ တရုတ်နိုင်ငံ C919 ၏ ထူးခြားမှတ်သားဖွယ်ခရီး

ရှန်ဟိုင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သည့် C919 သည် ရှန်ဟိုင်းမြို့မှ ပေကျင်းမြို့သို့ မေ ၂၈ ရက်တွင် ပထမဆုံး စီးပွားဖြစ်ပျံသန်းမှုမှာ ပြီးစီးသွားခဲ့ပြီး အရပ်ဘက်လေကြောင်းဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။C919 စီမံကိန်းအား ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး C919 ကို တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ် ကော်ပိုရေးရှင်း (COMAC)က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပထမဆုံး C919 လေယာဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့ရှိ ထုတ်လုပ်ရေးလိုင်းက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
လေယာဉ်သည် ၂၀၁၇ ခုနှစ်တွင် ပွဲဦးထွက်ပျံသန်းမှုအား အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း C919 သည် စွမ်းဆောင်ရည်အား စမ်းသပ်ရန် နေရာဒေသအသီးသီးတွင် စမ်းသပ်ပျံသန်းမှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
C919 သည် အပူချိန်မြင့်မားခြင်း ၊ လေထုအတွင်း စိုထိုင်းမှုပမာဏ မြင့်မားခြင်း ၊ ပြင်းထန်သော အအေးဒဏ် ၊ လေပြင်းတိုက်ခတ်ခြင်း နှင့် အေးခဲခြင်းတို့အပါအဝင် လွန်ကဲသော သဘာဝပတ်ဝန်းကျင်ပုံစံအမျိုးမျိုး စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ C919 ၏ ဘေးကင်းလုံခြုံမှု ၊ စိတ်ချရမှု နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး စွမ်းဆောင်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————

Remarkable journey of China’s C919 from blueprint to commercial flight
The C919, China’s self-developed large passenger aircraft, completed its first commercial flight from Shanghai to Beijing on Sunday, marking its official entry into the civil aviation market.
The C919 project was launched in 2007. Developed by the Commercial Aircraft Corporation of China, Ltd. (COMAC), the first C919 aircraft rolled off the production line in Shanghai in November 2015.
The plane conducted a successful maiden flight in 2017.
In the following years, the C919 conducted several test flights in different locations to test its capabilities.
The C919 has gone through tests in various types of extreme natural environments including high temperature, high humidity, severe cold, gusts and freeze. Its safety, reliability, and environmental protection performance have been comprehensively assessed.
Xinhua News Agency correspondents reporting from Shanghai, China.(XHTV)