Connect with us

Videos

တရုတ်နိုင်ငံက ခက်ခဲသော သင်္ဘောပျက်စူးစမ်းရှာဖွေရေး ပင်လယ်ပြင်အတွင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ဟိုင်ခို ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

တောင်တရုတ်ပင်လယ်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းနှင့် ပတ်သက်၍ ပင်လယ် ရေနက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့၏ စူးစမ်းလေ့လာမှု ပထမအဆင့်သည် ဇွန် ၁၁ ရက်တွင် ပြီးစီးသွားခဲ့ကြောင်း သိရသည်။ယင်းစူးစမ်းလေ့လာမှုများအား မေ ၂၀ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း ရှေးဟောင်းသုတေသန ကဏ္ဍသစ်အား အစပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စူးစမ်းလေ့လာမှု ပထမအဆင့်အား တောင်တရုတ်ပင်လယ် အနောက်မြောက်ဘက် ပင်လယ်ဆင်ခြေလျှောအနီး သင်္ဘောပျက် အမှတ် ၁ နှင့် ၂ တည်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းသင်္ဘောပျက် နှစ်စင်းအား ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ရေအောက်အနက် ၁၅၀၀ မီတာခန့်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
———————–

China delves into sea for challenging shipwreck exploration
A deep-sea archaeological team on Sunday finished the first stage of investigations on two ancient shipwrecks discovered in the South China Sea.
The investigations were launched on May 20, opening a new chapter of China’s deep-sea archaeology.
Approved by the National Cultural Heritage Administration, the first stage of investigations was conducted at the site of the No. 1 and No. 2 shipwrecks near the northwest continental slope of the South China Sea.
The two ancient shipwrecks were discovered in October 2022, about 1,500 meters underwater.
Xinhua News Agency correspondents reporting from Haikou, China.(XHTV)