Connect with us

Economy

ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏ ပြီးခဲ့သည့်ကာလတူထက် မြင့်တက်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် သန်းကျိုးမြို့ ကျုံးဟယ်မြို့နယ်တွင် လယ်သမားများက ခူးဆွတ်ထားသောဖရဲသီးများကို ထုပ်ပိုးနေကြသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိ ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ လယ်ယာထွက်ကုန်ပစ္စည်းပို့ကုန်ပမာဏသည် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၁.၇၄ ဘီလီယံ၊ သွင်းကုန်ပမာဏသည် ၁၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉.၉၇ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလမှ ဧပြီလအထိ ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၄၈.၂၃ ဘီလီယံ ရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၄.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ (Xinhua)
#China #ForeignTrade #AgriculturalProducts #တရုတ် #နိုင်ငံခြားကုန်သွယ်ရေး #လယ်ယာထွက်ကုန်ပစ္စည်း
————————
China’s foreign trade of agricultural products up in Jan-April
BEIJING, June 12 (Xinhua) — China’s foreign trade of agricultural products maintained the trend of expansion in the first four months of this year, with the total value up 9.7 percent year on year to 111.71 billion U.S. dollars, official data showed.
Breaking it down, exports of those products rose 6.4 percent to 31.74 billion dollars, while imports went up 11.2 percent to 79.97 billion dollars, according to the Ministry of Agriculture and Rural Affairs.
The trade deficit hit 48.23 billion dollars in the January-April period, up 14.6 percent year on year, the data revealed.
1. Farmers pack harvested watermelons in Zhonghe Township of Danzhou, south China’s Hainan Province, Feb. 24, 2023. (Xinhua/Pu Xiaoxu)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.