Connect with us

Videos

ပြင်သစ်နိုင်ငံ၌ တစ်ညတာအကြမ်းဖက်မှုအတွင်း ၇၁၉ ဦး ဖမ်းဆီးခံရ

ပဲရစ် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ၌ ရဲအရာရှိတစ်ဦး၏ ပစ်ခတ်မှုဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရခြင်းကြောင့် ဖြစ်ပွားခဲ့သည့် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှု ငါးရက်မြောက်ညဖြစ်သည့် ဇူလိုင် ၁ ရက်မှ ၂ ရက်အထိ တစ်ညတာအတွင်း လူ ၇၁၉ ဦးထက် မနည်း ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ရဲအရာရှိနှင့်တပ်သား ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ် ၅၇၇ စီး နှင့် အဆောက်အအုံ ၇၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ဇူလိုင် ၁ ရက်ညသည် ဇွန် ၃၀ ရက်ညထက် ပိုမိုငြိမ်သက်ခဲ့ပြီး ဇွန် ၃၀ ရက်ညက လူ ၁,၃၁၁ ဦး ဖမ်းဆီးခံရပြီး ယာဉ် ၁,၃၅၀ ဦး မီးလောင်ပျက်စီးခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ပြောကြားခဲ့သည်။ (Xinhua)

————————
719 arrested during overnight violence in France: ministry
At least 719 people were arrested overnight from Saturday to Sunday in France, the fifth night of nationwide violence sparked by the killing of a teen by a police officer, France’s Interior Ministry said on Sunday.
According to the ministry, 45 police officers and gendarmes were injured, while 577 vehicles and 74 buildings were burnt.
French Interior Minister Gerald Darmanin said that Saturday night was “calmer” than Friday night when 1,311 people were arrested and 1,350 vehicles burnt.
Produced by Xinhua Global Service