Connect with us

Videos

တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ရေကြီးရေလျှံမှုများ ပြန်လည်ကျဆင်းသွားပြီးနောက် ရွှေ့ပြောင်းနေထိုင်ကြသည့် ရွာသူ/သားများ နေအိမ်များသို့ပြန်

ထျန်းကျန်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ် Huanghuadian မြို့ရှိ ရွှေ့ပြောင်းနေထိုင်ကြသည့် ရွာသူ/သား စုစုပေါင်း ၁၅,၀၁၁ ဦးသည် ရေကြီးရေလျှံမှုများ ပြန်လည်ကျဆင်းသွားပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။အဆိုပါရွာသူ/သားများသည် Yongding မြစ်ကမ်းဘေး ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ခြေရှိသောနေရာများမှ ရွှေ့ပြောင်း နေထိုင်ကြသည့် နောက်ဆုံးအသုတ် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ၊ သောက်သုံးရေ နှင့် ဂတ်စ် ထောက်ပံ့ ၊ ပံ့ပိုးမှုများ မူလအတိုင်း ပြန်လည်ရရှိပြီဖြစ်ပြီး ပျက်စီးသွားသည့်အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————-
Relocated villagers return home after flood recedes in China’s Tianjin
A total of 15,011 relocated villagers in Huanghuadian Town, north China’s Tianjin Municipality, returned to their homes on Thursday as floodwater receded.
They are the last batch of those who were relocated from areas prone to flooding by the Yongding River.
Power, water and gas supply have been restored and reconstruction of damaged facilities is underway.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)