Connect with us

Videos

ဂျပန်နိုင်ငံသားများက နျူကလီးယားညစ်ညမ်းရေများ သမုဒ္ဒရာအတွင်း စွန့်ပစ်ခြင်းအား ကန့်ကွက်ဆန္ဒပြ

တိုကျို ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

ဂျပန်အစိုးရက သမုဒ္ဒရာအတွင်းသို့ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများ စွန့်ပစ်ရန် သတ်မှတ်ရက်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက် နီးကပ်လာသဖြင့် ရာပေါင်းများစွာသော ဂျပန်နိုင်ငံသားများက စွန့်ပစ်မည့်အစီအစဉ်အား ကန့်ကွက်ဆန္ဒပြရန် ဩဂုတ် ၁၈ ရက်တွင် တိုကျိုမြို့လယ်ခေါင်၌ စုဝေးခဲ့ကြကြောင်း သိရသည်။

ပြင်ပတွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ကျော်လွန်နေသော်လည်း နေရာဒေသအသီးသီးမှ ဂျပန်ပြည်သူများက အပူဒဏ်ကို အံတုကာ ဂျပန်ဝန်ကြီးချုပ် နေထိုင်ရာအဆောက်အဦရှေ့တွင် စုရုံး၍ “သက်ဆိုင်ရာအဖွဲ့အစည်းများ နားလည်သဘောတူညီမှု မရှိဘဲ မစွန့်ပစ်ရေး” ကတိကို ထိန်းသိမ်းရန် အစိုးရကို တိုက်တွန်းခဲ့သည်။ (Xinhua)
————————–
Japanese rally against ocean discharge of nuclear-contaminated wastewater
As the Japanese government approaches a decision on the specific date for the discharge of nuclear-contaminated water from the crippled Fukushima Daiichi Nuclear Power Plant into the ocean, hundreds of Japanese gathered in central Tokyo on Friday to rally against the discharge plan.
Despite scorching temperatures exceeding 35 degrees Celsius, people from various parts of Japan braved the heat to gather in front of the Japanese prime minister’s official residence, urging the government to uphold its promise of “no disposal without the understanding of relevant parties.”
Xinhua News Agency correspondents reporting from Tokyo.(XHTV)