Connect with us

Videos

အီဂျစ်နိုင်ငံ၌ နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ကိုင်ရို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ၌ နိုင်ငံ ၃၄ နိုင်ငံမှ တပ်ဖွဲ့နှင့်လေ့လာသူ ၈,၀၀၀ ပါဝင်သည့် နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုအား စတင်ခဲ့ ကြောင်း အီဂျစ်စစ်တပ်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။Bright Star ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုအား အီဂျစ်နိုင်ငံရှိ ရေတပ် နှင့် လေတပ်အခြေစိုက် စခန်းများနှင့် Mohamed Naguib စစ်အခြေစိုက်စခန်း၏ တိုက်ခိုက်ရေးလေ့ကျင့်ကွင်းများ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အီဂျစ်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရဲတပ်ဖွဲ့များနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ ဥပဒေရေးရာကျွမ်းကျင်သူများလည်း အဆိုပါ လေ့ကျင့်မှုများတွင် ပါဝင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုအား စက်တင်ဘာလ ၁၄ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)
————————-
Multinational military exercise kicks off in Egypt
A multinational military drill kicked off in Egypt with the participation of 8,000 troops and observers from 34 countries, the Egyptian Armed Forces said on Friday.
In a statement, the Egyptian Armed Forces said the drills, dubbed the Bright Star, will be held at the combat training fields of Mohamed Naguib Military Base and a number of naval and air bases in Egypt.
Moreover, members of the civil police and a number of legal experts from the International Committee of the Red Cross will also participate in the activities, the statement said.
The joint military exercise will run until Sept. 14, according to the statement.
Xinhua News Agency correspondents reporting from Cairo.(XHTV)