Connect with us

Videos

တရုတ်နိုင်ငံမြောက်ပိုင်းတွင် နိုင်ငံတကာဆပ်ကပ်ပွဲတော် ကျင်းပ

ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် မြို့တော် ရှီးကျားကျွမ်း၌ ၁၉ ကြိမ်မြောက် တရုတ် Wuqiao နိုင်ငံတကာ ဆပ်ကပ်ပွဲတော်အား အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ ယင်းပွဲတော်တွင် ကျွမ်းဘားအလှကစားခြင်းများနှင့် ဆပ်ကပ်အနုပညာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအား ပြသတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွင်း ပြည်တွင်းနှင့်နိုင်ငံတကာ ဧည့်ပရိသတ် ၂,၂၀၀ ကျော် နှင့် နိုင်ငံနှင့်ဒေသ ၃၁ ခုမှ ဆပ်ကပ်သမားများက ဟဲပေပြည်နယ်တွင် ဆုံစည်းကြမည် ဖြစ်ပြီး ယခုနှစ်၏ အကြီးဆုံးပွဲတော် ဖြစ်လာကြောင်း ပြည်နယ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနထံမှ သိရသည်။ (Xinhua)
———————
Int’l circus festival kicks off in north China
The 19th China Wuqiao International Circus Festival kicked off on Friday in Shijiazhuang, capital of north China’s Hebei Province. The grand event will showcase the latest developments in the world of acrobatics and circus arts.
During the festival, over 2,200 domestic and international guests and acrobats from 31 countries and regions will converge on Hebei, making this year’s festival the largest ever, according to the provincial culture and tourism department.
Xinhua News Agency correspondents reporting from Shijiazhuang, China.(XHTV)