Connect with us

Videos

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်က တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်းသစ် စတင်

ရှီးကျားကျွမ်း၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် လန်ဖောင်မြို့ရှိ သယ်ယူပို့ဆောင်ရေးဇုန်တစ်ခုမှ ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်သော ကုန်တင်ရထားတစ်စင်းသည် အောက်တိုဘာ ၂၀ ရက်တွင် ထွက်ခွာသွားခဲ့ပြီး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်းသစ် စတင်ခြင်း အမှတ်လက္ခဏာ ဖြစ်လာခဲ့သည်။ယင်းမီးရထားသည် ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၉,၀၀၀ ခန့် ခရီးအား ခုတ်မောင်းရမည် ဖြစ်ပြီး ဟဲပေလန်ဖောင် ကုန်းတွင်းဆိပ် သယ်ယူပို့ဆောင်ရေးဇုန်မှ စတင်ထွက်ခွာကာ ရုရှာနိုင်ငံ မော်စကိုမြို့သို့ မရောက်ရှိမီ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Manzhouli ရထားဆိပ်မှတစ်ဆင့် ဖြတ်သန်းသွားရောက်မည် ဖြစ်ကြောင်း သိရသည်။ကုန်တင်ရထားသည် အဝတ်အစား ၊ အစားအစာနှင့် ဆောက်လုပ်ရေးပစ္စည်းများ အပါအဝင် ယွမ်သန်း ၂၀ နီးပါး(အမေရိကန်ဒေါ်လာ ၂.၈ သန်းခန့်) တန်ဖိုးရှိ ကုန်စည်စုစုပေါင်း တန်ချိန် ၁,၀၀၀ တင်ဆောင်သွားခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-
North China’s Hebei launches new China-Europe freight train route
A freight train bound for Moscow departed from a logistics park in the city of Langfang in north China’s Hebei Province on Friday, marking the launch of a new China-Europe freight train route.
The train will complete a journey of approximately 9,000 km, starting in the Hebei Langfang land port logistics park and traveling through Manzhouli Port in north China’s Inner Mongolia Autonomous Region before reaching Moscow.
The train is carrying a total of 1,000 tonnes of goods valued at nearly 20 million yuan (about 2.8 million U.S. dollars), including clothing, food and construction materials.
Xinhua News Agency correspondents reporting from Shijiazhuang, China.(XHTV)