Videos
ကမ္ဘာ့အရှည်ဆုံး အားသွင်း မောင်းနှင်နိုင်မည့်ဘတ်စ်ကား
ကွမ်တုံ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ရှန်းကျန်းမြို့တွင် တရုတ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် BYD မှ ကမ္ဘာ့အရှည်ဆုံး အားသွင်းမောင်းနှင်နိုင်သည့် လျှပ်စစ် ဘတ်စ်ကား ကို အသုံးပြုမည်ဖြစ်သည်။ ၎င်းကို K12A ဟုအမည်ပေးထားပြီး ၂၇ မီတာ အရှည်ရှိကာ မြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၇ဝ ကီလိုမီတာ အမြန်နှုန်းပြေးဆွဲနိုင်သည်။ ဘတ်စ်ကားအတွင်း လူဦးရေ စုစုပေါင်း ၂၅ဝ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး အားတစ်ခါသွင်းရုံဖြင့် ကီလိုမီတာပေါင်း ၃ဝဝ အထိကို သွားလာနိုင်ပြီး ကာဗွန် ထုတ်လွှတ်မှုအနည်းဆုံး ဖြစ်စေရန်ဒီဇိုင်းထုတ်လုပ်ထားသည်။ ပုံမှန် လမ်းတွင် မောင်းနှင်ပါက စွမ်းအင်ချွေတာနိုင်မည့် single axle စနစ်ဖြင့်မောင်းနှင်နိုင်ပြီးကုန်းတက် ကုန်းဆင်းမောင်းနှင်ပါက double axle စနစ်ဖြင့် မောင်းနှင်နိုင်ရန် ထုတ်လုပ်ထားသည်။ BYD ကုမ္ပဏီက ကမ္ဘာတစ်ဝန်းလုံး တွင် အားသွင်း ဘတ်စ်ကားအစီးရေပေါင်း ၅သောင်း ခန့် ပို့ဆောင်ထုတ်လုပ်ပေးခဲ့ပြီး တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ဟန်ဂေရီနှင့် ပြင်သစ်နိုင်ငံတို့တွင် BYD လျှပ်စစ်ကားထုတ်လုပ်ရေးကားစက်ရုံများကို တည်ဆောက်ထားကြောင်း သိရသည်။(Xinhua)