Connect with us

Videos

တရုတ်-ရုရှား ရေအောက် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ပြီးစီး

ဟေလုံကျန်း၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် heihe မြို့နှင့် ရုရှားနိုင်ငံ Blagoveshchensk တို့ကို ရေအောက်မှတစ်ဆင့် ဆက်သွယ်ထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကို ဖောက်လုပ်ပြီးစီးပြီဖြစ်သည်။ ၎င်း ဓါတ်ငွေ့ပိုက်လိုင်းမှာ မီတာပေါင်း ၁၁၃၉ မီတာအရှည်ရှိပြီး ဟေလုံကျန်းမြစ်မှတစ်ဆင့် တရုတ်-ရုရှား နယ်စပ် ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံဘက်ခြမ်း တွင် ပိုက်လိုင်းအရှည်မှာ မှာ ၃၃၇၁ ကီလိုမီတာရှိ ပြီး ရှန်ဟိုင်းမြို့တွင် အဆုံးသတ်မည်ဖြစ်သည်။ ရုရှားနိုင်ငံဘက်ခြမ်းတွင် ပိုက်လိုင်းအရှည်မှာ ၄ဝဝဝ ကီလိုမီတာ နီးပါးရှိပြီး ၂ဝ၂ဝ ခုနှစ်တွင်တည်ဆောက်ရေးလုပ်ငန်းများအဆုံးသတ်နိုင်မည်ဖြစ်သည်။ရေအောက် ပိုက်လိုင်းသွယ်တန်းပြီးပါက တရုတ်နိုင်ငံမှာ ရုရှားနိုင်ငံဘက်မှ နှစ်စဉ် သဘာဝဓါတ်ငွေ့ ထုထည်ပေါင်း ၃၈ ဘီလီယံကုဗမီတာခန့်အထိ ရရှိမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.