Videos
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်တွင် ကျန်းမာရေးကောင်းမွန်အောင်မိမိတို့၏ နေအိမ်၌ စားသောက်နေထိုင် သင့်သည့် အစားအသောက်အမူအကျင့်များ
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်တွင် ကျန်းမာရေးကောင်းမွန်စေရန်နှင့်ခန္ဓာကိုယ် ခုခံအားကောင်းမွန်စေရန် မိမိတို့၏ နေအိမ်၌ စားသောက်နေထိုင်သင့်သည့် အစားအသောက်အမူအကျင့်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– အစားအသောက်ကို စုံလင်မျှတအောင်စားသုံးပါ။ အစေ့အဆန်များ၊ ပဲမျိုးစုံနှင့် အာလူး၊ ကန်စွန်းဥ စသည့် မြေကြီးမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက် ဥအမျိုးမျိုးကို စားသုံးပါရန်။
–ဟင်းသီးဟင်းရွက်များ၊နို့ထွက်ပစ္စည်းများနှင့်ပဲပိစပ်များစားသုံးပါရန်။
–အသီးဖျော်ရည်များကို လတ်လတ်ဆတ်ဆတ် သောက်သုံးပါရန်။
–ဒိန်ချဉ်၊ ပဲမှ ရရှိသည့် အစားအသောက်များနှင့် အစေ့အဆန်တစ်ချို့စားသုံးပါရန်။
–ငါးများ၊ ကြက်၊ ဘဲ ကဲ့သို့သော အသားများ၊ ကြက်ဥများနှင့် အဆီနည်းသောအသားများစားသုံးပါရန်။
– အဆီအစိမ့်များကိုလျှော့ပြီးစားသုံးပါရန်နှင့် အသားငါး အကင်များနှင့် ကြာရှည်အောင်ပြုလုပ်ထားသော အသားများကိုလျှော့ချစားသုံးပါရန်။
–တောရိုင်းတိရစ္ဆာန်များ၏ အသားများကို လုံးဝ ရှောင်ကြဉ်ပါရန်။
–ဆား၊ အဆီ ၊ သကြားနှင့် အရက်လျှော့သောက်ပါရန်။
–ကြေညက်လွယ်သောအစာများကိုစားသုံးပါရန်။
–ရေများများသောက်ပါရန်။
–သကြားပါဝင်သော အချိုရည်နှင့် အဖျော်ယမကာများ လျှော့၍သောက်ပါရန်။
–အရက်သေစာသောက်သုံးမှုလျှော့ချပါရန်။
–ကျန်းမာရေးကောင်းမွန်စေသည့်နေထိုင်မှုပုံစံအတိုင်းနေထိုင်ပါရန်။
–အစားအသောက်ကောင်းမွန်စွာစားသောက်ရန်နှင့်လေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်ပါရန်။
–အလွန်အကျွံစားသောက်မှုကိုရှောင်ကြဉ်ပါရန်။
–အချိန်ကြာမြင့်စွာ ထိုင်နေခြင်းကိုရှောင်ကြဉ်ပါရန်။
–အစားအသောက်များကို လိုသလောက်သာပြင်ဆင်စားသောက်ပါရန်။
–အစားအသောက်များ ခပ်ယူရန် သီးသန့်ဇွန်းနှင့်တူများအသုံးပြုကြပါရန် ။ စသည့်အချက်အလက်များအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါကြောင်းဆင်ဟွာသတင်းဋ္ဌာနမှစုစည်းတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)