Videos
စက်ရုပ် ၁ ထောင်ကျော် တစ်ပြိုင်နက်ကပြပြီးဂင်းနစ်စံချိန်တင်
ရှန်တုံ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းရှန်တုံ ပြည်နယ် တွင် စက်ရုပ်ပေါင်း ၁ဝဝ၇ ရုပ်မှ စုပေါင်းပြီးစက်ရုပ်အကဖြင့် မရပ်မနားကပြဖျော်ဖြေခဲ့ပြီးဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။
ဇူလိုင်လကုန်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ အကပြိုင်ပွဲတွင် ၄၃.၈ စင်တီမီတာ အမြင့်ရှိသည့် စက်ရုပ် ထောင်ချီမှ နေ့လည် ၃ နာရီခန့်တွင် စတင်ကပြကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း စက်ရုပ်ပေါင်း ၅၄ဝ ကျော်ဖြင့် တပြိုင်တည်းကပြခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ်ဂင်းနစ်စံချိန်တင်ခဲ့ဖူးကြောင်းသိရသည်။
စက်ရုပ်များကို ထုတ်လုပ်သည့် Ever Win Company, Ltd မှ နည်းပညာအရာရှိချုပ်က ပြောကြားရာတွင် မိုဘိုင်းဖုန်းများနှင့် ဘလူးတုစ် ပစ္စည်းများမှ ထွက်ရှိသည့် ရေဒီယိုလှိုင်းနှုန်းများကြောင့် ထိုသို့စက်ရုပ်များကိုတစ်ပြိုင်နက်တည်းကခုန်စေခြင်းသည်စိန်ခေါ်မှုများစွာရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် ထို ရေဒီယိုလှိုင်းများနှောင့်ယှက်မှုတို့ကိုရှောင်ရှားနိုင်ရန်ကြိုးပမ်းခဲ့ရကြောင်းသိရသည်။(Xinhua)