Connect with us

Videos

တရုတ်နိုင်ငံက ကိုယ်ပိုင်ဒီဇိုင်းထုတ်သည့် အမြန်ဆုံးအားပြန်ဖြည့်နိုင်သည့်စွမ်းအင်မြင့်ရထား

ချန်းရှ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအလယ်ပိုင်းဟူနန်ပြည်နယ်တွင် သြဂုတ်လ ၁ ရက်နေ့က ပထမဆုံးအဖြစ် တရုတ်နိုင်ငံသားများ ကိုယ်ပိုင်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည့် စွမ်းအားမြင့်ရထားတစ်စီးကို စမ်းသပ်ပြေးဆွဲခဲ့သည်။
အဆိုပါ ရထားမှာ အထူးစွမ်းအင်သိုလှောင်နိုင်စွမ်းရှိပြီး ပြင်ပ ဝိုင်ယာကြိုးများအသုံးပြုရန်မလိုဘဲ စက္ကန့်၃ဝ ခန့်ရပ်နားရုံဖြင့် အပြည့်အဝ အားပြန်သွင်းနိုင်ကာ ၃ ကီလိုမှ ၅ ကီလိုမီတာအထိပြေးဆွဲနိုင်သည်ဟုသိရသည်။
ထို့အပြင် ခရီးသည်ပေါင်း ၃၈ဝ ဦးကို တင်ဆောင်နိုင်ပြီး တစ်နာရီလျင် ကီလိုမီတာ ၇ဝ အထိ ပြေးဆွဲနိုင်သည်။ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များလွယ်ကူစွာ တက်ဆင်းနိုင်ရန် အတွက် လှေခါးတည်ဆောက်ပုံကိုလည်းဘူတာရဲ့ကြမ်းပြင်နှင့် တစ်ပြေးတည်းနှိမ့် ပေးထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.