Videos
တရုတ်-လာအို ရထားလမ်းဥမင် နယ်စပ် မြေတူးခြင်းလုပ်ငန်း ပြီးစီး(ရုပ်သံ)
ဗီယင်ကျန်း၊ မေ ၂၁ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ မြောက်ပိုင်းမှ တရုတ်နိုင်ငံ နယ်စပ် ချစ်ကြည်ရေးဥမင်တစ်လျှောက် မြေတူးခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း China Railway No.2 Engineering (CREC-2) က ဆင်ဟွာသတင်းဌာနသို့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
လပေါင်း ၃၇ လကြာ ခက်ခက်ခဲခဲလုပ်ကိုင်ပြီးနောက် တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းဥမင်သည် မေ ၂၀ ရက်တွင် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ ၃၇၀ ကီလိုမီတာခန့်အကွာ၊ Boten မြို့မှ တရုတ်နိုင်ငံ နယ်စပ်အထိ ထွင်းဖောက်သွားခဲ့ပြီဖြစ်သည်။ တရုတ်-လာအို ချစ်ကြည်ရေးရထားလမ်းဥမင်ကို လာအို-တရုတ်နယ်စပ်တစ်လျှောက် ချိတ်ဆက်ထားခြင်းဖြစ်ပြီး China Railway Eryuan Engineering Group က ပုံစံထုတ်ထားကာ CREC-2 က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥမင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည့် ရထားလမ်းတည်ဆောက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် တည်ရှိမည်ဖြစ်သည်။
အဆိုပါ ချစ်ကြည်ရေးဥမင်သည် လာအိုနိုင်ငံ မြောက်ပိုင်း၌ တည်ရှိကာ အရှည်အားဖြင့် ၉,၉၅၉ မီတာရှိပြီး လာအိုဘက်အခြမ်းတွင် ၂,၄၂၅ မီတာရှိကြောင်း နှင့် မြေအောက် အနက် ၂၄၃ မီတာထိ ဖောက်လုပ်ထားကြောင်း သိရသည်။ (Xinhua)