Videos
တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်ရှိ အဝေးပြေးလမ်းမသစ်ကြီးက ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်
ဆန်ရှီး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် ဖောက်လုပ်ထားသည့် အဝေးပြေးလမ်းမအသစ်တစ်ခုကို အောက်တိုဘာလကုန်ပိုင်း၌ ဖွင့်လှစ်တော့မည်ဖြစ်ပြီး အဆိုပါ လမ်းမကြီးသည် ဒေသခံအစိုးရ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကြောင်း သိရသည်။
Taibai စီရင်စု နှင့် Feng စီရင်စုကြား ချိတ်ဆက်ထားသည့် ၈၅ ဒသမ ၆ ကီလိုမီတာ ရှည်လျားသော အဝေးပြေးလမ်းသည် စီရင်စုနှစ်ခုကြား ယာဉ်မောင်းနှင်ရမည့် ကြာမြင့်ချိန်ကို ၃ နာရီကျော်မှ ၁ နာရီအထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသော နှစ်လမ်းမောင်း လေးလမ်းသွား အဝေးပြေးလမ်းမကြီးသည် တစ်နာရီလျှင် ၈၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ရန် ပုံစံရေးဆွဲထားကြောင်း သိရသည်။
အဆိုပါ လမ်းမကြီး ပြင်ဆင်ထားမှုအနေအထားကို အောက်ပါဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)