Connect with us

Videos

တရုတ်နိုင်ငံ ဆန်းကျန့် အထူးစီးပွားရေးဇုန်၏ နှစ် ၄၀ ပြည့် အထိမ်းအမှတ်

ဆန်းကျန့်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် တောင်ပိုင်း ဆန်းကျန့် အထူးစီးပွားရေးဇုန်(SEZ) တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပခဲ့သည်။

၁၉၈၀ ပြည့်နှစ် ဩဂုတ် ၂၆ ရက်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့၊ ကျူးဟိုင်မြို့နှင့် ဆန့်ထိုမြို့နှင့် ဖူကျန့်ပြည်နယ် ရှမန်မြို့ စသည်တို့၌ အထူးစီးပွားရေးများ ထည်ထောင်ရန် ခွင့်ပြုခဲ့သည်။

ယခင်က တံငါရွာလေးဖြစ်သည့် ဆန်းကျန့်သည် နှစ် ၄၀ ကာလအကြာတွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးမြို့အဖြစ်သို့ အံ့မခန်းဖွယ် ပြောင်းလဲရောက်ရှိခဲ့ရာ ဆန်းကျန့် အထူးစီးပွားရေးဇုန်(SEZ)တည်ဆောက်မှုသည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းသည့် နောက်ခံအထောက်အပံ့ဖြစ်စေခဲ့သည်။

ဆန်းကျန့်မြို့၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP)သည် ၁၉၈၀ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၄၀ ရှိခဲ့ရာမှ နှစ်စဉ်တိုးတက်မှုနှုန်း ၂၀ ဒသမ ၇ ရာခိုင်းနှုန်းဖြင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀၀ ဒသမ ၁ ဘီလီယံ ထိ ရောက်ရှိခဲ့ကြောင်း နှင့် ယခုအခါ ဆန်းကျန့်မြို့၏ GDP သည် အာရှတိုက်မြို့ကြီးများတွင် ပဥ္စမနေရာ၌ ရပ်တည်နေကြောင်း သိရသည်။   

Orbbac ဥက္ကဌ Huang Hao Yunက “လွန်ခဲ့တဲ့ နှစ်ပေါင်းလေးကျော်က ဆန်းကျန့်ရဲ့ GDPဟာ အမေရိကန်ဒေါ်လာ သန်း ၄၀ လောက်ပဲ ရှိပါတယ်။ ၂၀၁၉ ခုနှစ်ရောက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ ၄၀၀ ဒသမ ၁ ဘီလီယံဖြစ်လာတယ်။ တိုးတက်မှုက အဆ ၁ သောင်းလောက်ရှိတယ်။ဒါက သမိုင်းမှာ ယခင်က မရှိဘူးတဲ့ အံ့မခန်းဖွယ်ပါ။ ကျွန်တော်ရဲ့ နိုင်ငံခြားသားသူငယ်ချင်းတွေကလည်း ဆန်းကျန့်ကို ရောက်တိုင်း တအံ့တဩဖြစ်စေတဲ့ ပြောင်းလဲမှုပါပဲ”ဟု ဆိုသည်။

Carv ၏ ဒုတိယဥက္ကဌ JAMIE SALTER က “ hardware startup တစ်ခုအနေနဲ့ မင်းမှာအချိန်များကြီးမရှိပါဘူး။ ဈေးကွက်ကို အမြန်ဝင်ရောက်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ဆန်းကျန့်က သံသယရှိစရာမလိုတဲ့ အကောင်းဆုံးနေရာပါပဲ။” ဟု ပြောကြားခဲ့သည်။

IKAS Industries(Guangdong)Co.,Ltd၏ CEO ဖြစ်သည့် Li JIE က “နယ်စပ်စွန်ဖျားမြို့ကလေးကနေ အပြည်ပြည်ဆိုင်ရာ စမ်းသစ်တီထွင်၊စီးပွားရေးစွမ်းဆောင်ရှင်တွေရဲ့ အချက်အချာနေရာအဖြစ်ကို ပြောင်းလဲခဲ့တဲ့ ဆန်းကျန့်ရဲ့  နှစ် ၄၀ ကာလက မလွယ်လှပါဘူး။ အဲ့ဒီအခက်အခဲတွေကို ကျော်လွှားပြီး ဆန်းကျန့်ရဲ့ စုစုပေါင်း GDPပမာဏဟာ အာရှတိုက်မြို့တွေရဲ့ ပဥ္စမနေရာကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီလို အခက်အခဲကို မကြောက်ရွံ့တဲ့ မဆုတ်မနစ်ကြိုးပမ်းမှု စိတ်ဓာတ်ခွန်အားက လူငယ်လုပ်ငန်းရှင်တွေကိုလည်း အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.