Connect with us

Videos

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် လမ်းလျှောက်တတ်စအရွယ် ကလေးငယ်တစ်ဦး အေတီအမ်စက်ခန်းအတွင်း ပိတ်မိနေ

ဆန်းတုန်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် Heze မြို့တွင် အောက်တိုဘာ ၉ ရက် ညနေပိုင်းက အသက် သုံးနှစ်အရွယ် သမီးငယ်လေးတစ်ဦးသည် ဘဏ်တစ်ခု၏ အလိုအလျောက်ငွေထုတ်စက် (ATM) စက်ခန်း၏ အဝင်အထွက်တံခါး အလိုအလျောက်ပိတ်သွားပြီးနောက် ယင်းအခန်းအတွင်း ပိတ်မိနေသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

မီးသတ်သမားများက အရေးပေါ်ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် ယင်းနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် အသက်ရှူကိရိယာကို ပထမဆုံးဖွင့်၍ ATM ခန်းအတွင်းသို့ အောက်ဆီဂျင် အဆက်မပြတ်ပို့လွှတ်ကာ အခန်းအတွင်းရှိ သမီးငယ်လေး အောက်ဆီဂျင် အပြည့်အဝရရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။

သမီးငယ်လေးမှာ ငယ်ရွယ်လွန်း၍ တံခါးကို မဖွင့်နိုင်သဖြင့် မီးသတ်သမားများက သော့ကိုထိုးကော်ဖွင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၀ မိနစ်ခန့် ကြိုးစားလုပ်ဆောင်ကြပြီး နောက်ဆုံးတွင် တံခါးပွင့်သွားကာ သမီးငယ်လေးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့နိုင်ခဲ့သည်။ATM စက်ခန်းအတွင်းမှ သမီးငယ်လေးအား ကယ်ထုတ်ခဲ့သည့်ရုပ်သံဖိုင်ကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.