Videos
တရုတ်နိုင်ငံ ဈေးကွက် သို့ ထိုးဖောက်ဝင်ရောက်မည့် ထိုင်း အုန်းသီး လုပ်ငန်း
ဘန်ကောက်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ်/စုဝင့်
တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ပြပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက် မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံမှ အုန်းသီးလုပ်ငန်း တစ်ခုဖြစ်သည့် NC coconut ကုမ္ပဏီ သည်လည်း ယင်းပြပွဲ၌ ဒုတိယအကြိမ် ပါဝင် ပြသမည်ဖြစ်သည်။NC coconut ကုမ္ပဏီ ဥက္ကဌ က ၎င်းကုမ္ပဏီအတွက် တရုတ်နိုင်ငံ ဈေးကွက် ၏ အရေးပါပုံကို ဆင်ဟွာသတင်းဌာနသို့ ယခုကဲ့သို့ပြောကြားခဲ့သည်။
“ကျွန်တော့်အနောက်က အုန်းသီးတွေကို စိုက်ခင်းကနေ တိုက်ရိုက်သယ်ယူခဲ့တာပါ၊ ပြီးတာနဲ့ နိုင်ငံခြားကို တင်ပို့ဖို့ လုပ်ကြတာပါ၊ ဒီနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံဈေးကွက်ဟာ တဖြည်းဖြည်းများပြားတိုးတက် လျက်ရှိပါတယ်၊ COVID-19 ဖြစ်ပွားနေတဲ့ကြားက တရုတ်နိုင်ငံ ဈေးကွက်ဟာ တကယ်ပဲကောင်းမွန်ခဲ့ပါတယ်၊ ကျွန်တော်တို့ နေ့စဉ် အုန်းသီးအလုံးရေ တစ်သိန်းလောက်ထုတ်လုပ်နိုင်ပါတယ်၊ အဲဒီအထဲကမှ ၆၀ နှင့် ၇၀ ရာခိုင်နှုန်းဟာဆိုရင် တရုတ်နိုင်ငံကို တင်ပို့ရတာပါ၊ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဟာ ကျွန်တော်တို့အတွက် တကယ့်ကို အကျိုးရှိစေပါတယ်၊ အဲဒီပြပွဲဟာဆိုရင် တရုတ်နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံ ထုတ်ကုန်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရုံသာမက တရုတ်လူမျိုးများစွာကိုလည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒီလမ်းကြောင်းဟာ ကျွန်တော်တို့ရဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့အတွက်တော့ အလွန်ကို အရေးပါ အရာရောက်တဲ့ လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုဆိုသည်။ (Xinhua)