Connect with us

Videos

တရုတ်တွင် Delivery စက်ရုပ်များ တွင်ကျယ်လာ

ကျဲ့ကျန်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ မကြာသေးမီက delivery စက်ရုပ်ပေါင်း ၂၂ ရုပ် ထားရှိခဲ့ရာ ကျောင်းသားများအကြားရေပန်းစားခဲ့ကြောင်းသိရသည်။ ၎င်း delivery စက်ရုပ်များသည် လူအုပ်အတွင်းသွားလာနိုင်ခြင်း၊ လမ်းဖြတ်ကူးနိုင်ခြင်းနှင့် မှာယူသော ပါဆယ်ပစ္စည်းများကို အရောက်ပို့ဆောင်နိုင်ခြင်းတို့ကြောင့် လက်ရှိတွင် တရုတ်နိုင်ငံ၌ တွင်ကျယ်လာပြီဖြစ်သည်။

စက်ရုပ်များကို လာမည့် နိုဝင်ဘာ ၁၁ ရက် တရုတ်နိုင်ငံ၏ နှစ်စဉ် ကျင်းပသည့် “Double 11” ဈေးဝယ်နေ့၌ တစ်ရက်လျှင် ပါဆယ်အထုတ်ပေါင်း ၃,၀၀၀ ကျော် ပို့ဆောင်စေခိုင်းနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ အီလက်ထရောနစ် ရောင်းဝယ်ရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Alibaba က နိုဝင်ဘာ ၁၁ ရက်ကို အွန်လိုင်းဈေးဝယ်နေ့အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက သတ်မှတ်ကျင့်သုံးခဲ့သည်။ ထိုကတည်းက အဓိက အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများအနေဖြင့် လျှော့ဈေးများဖြင့် Nov 11 ရက်တွင် ဝယ်သူများထံသို့ စံချိန်တင်ရောင်းချမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.