Videos
တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုးသွားနိုင်သည့် လေယာဉ်အား အောင်မြင်စွာ စမ်းသပ်ပျံသန်း
ဂွမ်ကျိုး ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် ကုန်းရေ နှစ်မျိုး သွားနိုင်သည့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း(Guangdong) ပြည်နယ်၌ ဒီဇင်ဘာ ၂၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းလေယာဉ်တွင် turboprop အင်ဂျင်များကို သုံးထားကြောင်း၊ လေယာဉ်ကိုယ်ထည်မှာ ၃၉.၆ မီတာ နှင့် တောင်ပံဖြန့်အကျယ်မှာ ၃၈.၈ မီတာ ရှိကြောင်း တရုတ်နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း(AVIC) က ဆိုသည်။ AVIC ၏ ထုတ်ပြန်ချက်အရ ၎င်းလေယာဉ်သည် ဝန်တင်နိုင်မှုအလေးချိန် ၅၃.၅ တန် ၊ တစ်နာရီ ၅ဝဝ ကီလိုမီတာ နှင့် တစ်ကြိမ်လျှင် ကြာချိန် ၁၂ နာရီထိ ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။၎င်းလေယာဉ်မှာ ကမ္ဘာ့အကြီးဆုံး ကုန်းရေ နှစ်မျိုးသွားနိုင်သည့် လေယာဉ်ကြီး ဖြစ်ကြောင်းလည်း ယုံကြည်ထားသည်။(Xinhua)