Videos
တရုတ်နိုင်ငံထုတ်အလိုအလျောက်မောင်းကား အောင်မြင်စွာစမ်းသပ်မောင်းနှင်ပြီးဖြစ်
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ က ထုတ်လုပ်သော လူ၂ယောက်စီး အလိုအလျောက်မောင်းကားအား နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် အရှည်လျားဆုံးခရီးစဉ်အဖြစ် ကီလိုမီတာ ၂ထောင်အထိ မောင်းနှင်စမ်းသပ်ပြီးကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့ကားကို ချန်အန်း မော်တော်ထုတ်လုပ်ရေးမှ ထုတ်လုပ်ခဲ့ပြီး နိုင်ငံ၏ အနောက်တောင်ဘက် ချုံကျင်းဒေသ မှ ပေကျင်းအထိ မောင်းနှင်စမ်းသပ်ခဲ့သည်။
မောင်းသူမဲ့ကားမှာ ဝေးလံသည့်နေရာများကို အောင်မြင်စွာသွားလာနိုင်ခြင်း၊ လမ်းကြောင်းပြောင်းပေးနိုင်ခြင်း နှင့်အတူ အခြားကျွမ်းကျင်မှုများပါရှိသော်ငြား လမ်းကြောင်းရွေးခြင်းနှင့် ဆီဆိုင်သို့မောင်းနှင်ခြင်းမျိုးတွင်တော့ လူ၏ အကူအညီလိုအပ်နေဆဲဟု တီထွင်သူက ဆိုသည်။
ကား၏ အမြန်ဆုံးမောင်းနှင်နိုင်နှုန်းမှာ ၁ နာရီ ကို ကီလိုမီတာ ၁၂ဝ ဖြစ်သည်။ (Xinhua)