Connect with us

Videos

အီကွေဒေါ ငလျင် ဒဏ်သင့် ပြည်သူများအတွက်မည်သည့် နိုင်ငံမှ မည်သည့် ငွေကြေး အမျိုးအစားမဆိုလက်ခံနေ

ကွီဒို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ ကမ်းရိုးတန်း ဒေသ အတော်များများသို့ ပြင်းအား ၇.၈ ရစ်ချ်တာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အင်အားပြင်း ငလျင်များ ဆက်စပ် လှုပ်ခတ်နေသည့် ကြားမှပင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ပြန်လည် ထူထောင်ရေး လုပ်ဆောင်မှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ငွေလှူဒါန်းလိုသူများအတွက် အီကွေဒေါ အစိုးရက ဝက်ဘ် ဆိုက် တစ်ခုနှင့် အခမဲ့ ဖုန်းလိုင်းတစ်ခု တည်ထောင် တပ်ဆင်ပေးထားကြောင်း၊ အလှူငွေ လှူဒါန်းလိုသူများ အနေဖြင့် မည်သည့် နိုင်ငံမှ မည်သည့် ငွေကြေး အမျိုးအစားဖြင့် မဆို လှူဒါန်းနိုင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့အစည်း ( IFRC) မှ အီကွေဒေါ ကြက်ခြေနီအသင်းသို့ တန် ၆၀ ရှိသည့် ထောက်ပံ့ ပစ္စည်းများအား ဧပြီလ ၂၀ ရက်က ပေးအပ် လှူဒါန်းခဲ့သည်။အဆိုပါ အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံး အရေးပေါ်အခြေအနေ ဖြစ်ကြောင်း အီကွေဒေါ သမ္မတက မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း Andes သတင်းက ဖော်ပြထားသည်။

နိုင်ငံပေါင်း ၂၀ ကျော်မှ ကယ်ဆယ်ရေး လုပ်သား ၉၄၂ ဦးက အီကွေဒေါ ရဲတပ်ဖွဲ့၊ လက်နက်ကိုင် တပ်ဖွဲ့ များနှင့်အတူ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌ ကူညီ လုပ်ဆောင်နေကြာင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းအထိ ရရှိထားသော သတင်းများအရ သေဆုံးသူ အရေအတွက်မှာလည်း ၅ဝဝကျော် အထိ မြင့်တက် လာခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးရေ ၅ထောင်ကျော် ရှိလာပြီး လူ ၁၆ဝ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာန Andes က ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.