Connect with us

Videos

တရုတ်နိုင်ငံရှိ ပစ္စည်းသယ်စက်ရုပ်များ

ဟန်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်းကျဲ့ကျန်းပြည်နယ် ဟန်ကျိုးရှိ Cainiao Smart Logistics Network Company တွင် စမတ်နည်းပညာသုံးပစ္စည်းသယ်စက်ရုပ်များကိုအသုံးပြုကာ ပစ္စည်းများကိုသယ်ယူပို့ဆောင်လျက်ရှိသည်။ အဆိုပါ ကုမ္ပဏီတွင် ရာနှင့်ချီသော စက်ရုပ်များက ပစ္စည်းများကို သယ်ယူပို့ဆောင်လွှဲပြောင်းသည့်လုပ်ငန်းစဉ် ကို ဟန်ချက်ညီစွာဆောင်ရွက်လျက်ရှိသည်။ ပစ္စည်းသယ်စက်ရုပ်တစ်ရုပ်က ပစ္စည်းတစ်ခုကို ကြာချိန် စက္ကန့်၂ဝ အတွင်း မြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်သည်ရုံးချိန်အတွင်းစက်ရုပ်များမှာနာရီ လက်တံအတိုင်း လှည့်လည်ကာ အလုပ်လုပ်လေ့ရှိပြီး ၂၄နာရီလျင် ပစ္စည်းအထုတ်ပေါင်း ၅သိန်းကို သယ်ယူပို့ဆောင်ပေးကြောင်း သိရသည်။ ပစ္စည်းသယ်စက်ရုပ်များ ၃ ရက်အလုပ်လုပ်သည့်အကွာအဝေးမှာ ကမ္ဘာတစ်ပတ်ပါတ်နိုင်သည့် အကွာအဝေးပင်ဖြစ်သည်။

စက်ရုံ၏ အကြီးတန်းသယ်ယူပို့ဆောင်ရေးတာဝန်ခံ Li Jian Jun က “ကျွန်တော်တို့အသုံးပြုတဲ့စက်ရုပ်တွေက တစက္ကန့်မှာ ၂.၅ မီတာ အမြန်နှုန်းနဲ့သွားလာလှုပ်ရှားနိုင်ပါတယ်။စက်ရုပ်များသွားလာလှုပ်ရှားမယ့်စက်ရုံရဲ့ အကျယ်အဝန်းကတော့ စတုရန်းမီတာပေါင်း၁၈ဝဝ ရှိပါတယ်။ အခုဆိုရင်ကျွန်တော်တို့ဆီမှာ ပစ္စည်းသယ် စက်ရုပ်ပေါင်း ၃၅ဝ ရှိလာပါပြီ။ အမြန်နှုန်းနဲ့အလုပ်လုပ်မယ်ဆိုရင်သူတို့က တစ်နာရီကို ကုန်ပစ္စည်းအထုတ်ပေါင်း ၂၁ဝဝဝ ခုကို သယ်ယူပို့ဆောင်နိုင်ပါတယ်။” ဟုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.