Videos
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား အိမ်ဖြူတော် ကြိုဆိုပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် ပြည်ထောင်စုသို့ တရားဝင် ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အမေရိကန် သမ္မတ ဘားရတ် အိုဘားမားမှ တရားဝင် ကြိုဆိုသည့် အခမ်းအနား ကို ဝါရှင်တန် ဒီစီရှိ သမ္မတ အိမ်ဖြူတော်တွင် စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာ စံတော်ချိန် ည ၇ နာရီခွဲ၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ကြိုဆိုပွဲ အခမ်းအနား အား ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ်တွင် အချိန်နှင့် တပြေးညီ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ် Link “http://www.xinhuamyanmar.com/videos/1340-2015-09-25-08-24-13” တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အဆိုပါ ကြိုဆိုပွဲ အခမ်းအနားပြီးနောက် တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရေး မူဝါဒများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ အပေါ် အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ပြီး ပုံစံသစ် နိုင်ငံကြီး ဆက်ဆံရေးအား ဆက်လက် တိုးမြှင့် နိုင်ရန် ဆွေးနွေး ကြမည် ဖြစ်သည်။
ခေါင်းဆောင် နှစ်ဦ တွေ့ဆုံပွဲ အပြီးတွင် သမ္မတရှီသည် သမ္မတ အိုဘားမားနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။
ယင်းနေ့တွင်ပင် ရှီသည် အမေရိကန် ပါလီမန် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘစ်ဒန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့ တည်ခင်း ဧည့်ခံသော နေ့လည်စာ စားပွဲသို့ တက်ရောက်မည် ဖြစ်ကာ ညနေပိုင်းတွင် နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်မည် ဟု သိရသည်။ (Xinhua)