Videos
တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကူး ရထားလမ်းဆောက်လုပ်
ဖူကျန့်၊ မတ် ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်းဖူကျန့်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကူး ရထားလမ်း ကို တည်ဆောက်လျက်ရှိပြီး အဆိုပါ ရထားလမ်း၏ ပင်မအစိတ်အပိုင်းကို သံမဏိ သေတ္တာကြီးများဖြင့် အုတ်မြစ်ချလျက်ရှိသည်။ ပင်လယ်ပြင်တွင် ဖောက်လုပ်ထားသည့် ရထားလမ်း တံတား၏ အရှည်မှာ ၂၇ ကီလိုမီတာရှိပြီး ဖူကျိုး-ရှမန် မြန်နှုန်းမြင့်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ၎င်း ပင်လယ်ကူးရထားလမ်းတွင် မြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၃၅ဝ ကီလိုမီတာ အမြန်နှုန်းဖြင့် သွားလာနိုင် မည်ဖြစ်ပြီး ၂ဝ၂၂ ခုနှစ်တွင်ဖွင့်လှစ်နိုင်မည်ဟုသိရသည်။ ရထားလမ်းပြီးစီးပါက ရှမန်နှင့် ပေကျင်းသို့ ပုံမှန် သွားလာရန်ကြာမြင့်ချိန် ၁၃ နာရီမှ ၈ နာရီအထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။(Xinhua)