Videos
တရုတ်နိုင်ငံ၏ အကြီးဆုံး ကင်းလှည့်ရေယာဉ်ကြီး အား တည်ဆောက်လျက်ရှိ
ကွမ်တုံ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့တွင် တည်ဆောက်ခဲ့သော နိုင်ငံ၏ အကြီးဆုံး ကင်းလှည့်ရေယာဉ်ကြီးတစ်စင်းဖြစ်သည့် Haixun 09 အား စက်တင်ဘာ ၂၉ ရက်က ရေချခဲ့သည်။
၎င်း ရေယာဉ်ကြီးသည် အရှည် ၁၆၅ မီတာ ၊ အကျယ် ၂၀ဒသမ ၆ မီတာ နှင့် အမြင့် ၉ ဒသမ ၅ မီတာရှိပြီး အလေးချိန်အားဖြင့် ၁၀,၇၀၀ မက်ထရစ်တန်ရှိကြောင်း သိရသည်။ ရေယာဉ်ကြီးတွင် ရဟတ်ယာဉ်ဆင်းသက်ကွင်းအပါအဝင် အချက်အလက်သိမ်းဆည်းရေး စင်တာတစ်ခုကိုပါ ထည့်သွင်းဆောက်လုပ်ထားပြီး တရုတ်နိုင်ငံ Beidou ဂြိုဟ်တု တည်နေရာပြစနစ်အပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် တစ်စုံကိုလည်းတပ်ဆင်ထားသည်။
ရေယာဉ်ကြီးကို ဥပဒေစိုးမိုးရေး၊ အရေးပေါ် စစ်ဆင်ရေးနှင့် ထိန်းချုပ်ရေး အပါအဝင် ရေထုညစ်ညမ်းမှုများအား ကာကွယ်ရေးအလို့ငှာ ၂၀၂၁ ခုနှစ်တွင် အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)