Connect with us

Videos

တရုတ်နိုင်ငံ၏ အကြီးဆုံး ကင်းလှည့်ရေယာဉ်ကြီး အား တည်ဆောက်လျက်ရှိ

ကွမ်တုံ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့တွင် တည်ဆောက်ခဲ့သော နိုင်ငံ၏ အကြီးဆုံး ကင်းလှည့်ရေယာဉ်ကြီးတစ်စင်းဖြစ်သည့် Haixun 09 အား စက်တင်ဘာ ၂၉ ရက်က ရေချခဲ့သည်။ 

၎င်း ရေယာဉ်ကြီးသည် အရှည် ၁၆၅ မီတာ ၊ အကျယ် ၂၀ဒသမ ၆ မီတာ နှင့်  အမြင့် ၉ ဒသမ ၅ မီတာရှိပြီး အလေးချိန်အားဖြင့် ၁၀,၇၀၀ မက်ထရစ်တန်ရှိကြောင်း သိရသည်။ ရေယာဉ်ကြီးတွင် ရဟတ်ယာဉ်ဆင်းသက်ကွင်းအပါအဝင် အချက်အလက်သိမ်းဆည်းရေး စင်တာတစ်ခုကိုပါ ထည့်သွင်းဆောက်လုပ်ထားပြီး တရုတ်နိုင်ငံ Beidou ဂြိုဟ်တု တည်နေရာပြစနစ်အပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် တစ်စုံကိုလည်းတပ်ဆင်ထားသည်။

ရေယာဉ်ကြီးကို  ဥပဒေစိုးမိုးရေး၊ အရေးပေါ်  စစ်ဆင်ရေးနှင့် ထိန်းချုပ်ရေး အပါအဝင် ရေထုညစ်ညမ်းမှုများအား ကာကွယ်ရေးအလို့ငှာ ၂၀၂၁ ခုနှစ်တွင် အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.