Videos
တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ကွက်မှ စံချိန်တင်ထွက်ရှိ
ပေကျင်း၊ ဒီဇင်ဘာ ၂၉ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ကွက် ဖြစ်သည့် Changqing ရေနံတွင်းမှ ယခုနှစ်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့တန်ချိန် သန်း ၆၀ ခန့် ထုတ်လုပ်နိုင်ခဲ့ရာ စံချိန်တင်ထွက်ရှိမှုဖြစ်လာခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံ ၏ အရှေ့မြောက်ဘက် Erdos ချိုင့်ဝှမ်းတွင် တည်ရှိသည့် ၎င်းရေနံတွင်းမှ ရေနံစိမ်းတန်ချိန် ၂၄.၅ သန်း နှင့် သဘာဝဓါတ်ငွေ့ ကုဗမီတာပေါင်း ၄၄.၅ ဘီလီယံ (ရေနံစိမ်းတန်ချိန် ၃၅.၅ ဘီလီယံနှင့် ညီမျှသည့် ပမာဏ) ထွက်ရှိခဲ့သည်။
တရုတ်နိုင်ငံတွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ထွက်ရှိမှု တန်ချိန် သန်း ၆၀ သည် ပထမဆုံး အကြိမ်ဖြစ်ပြီး နိုင်ငံ၏ စွမ်းအင် ကဏ္ဍတွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)