Connect with us

Videos

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ပထမအသုတ် တူရကီနိုင်ငံသို့ ရောက်ရှိတော့မည်

ပေကျင်း၊ ဒီဇင်ဘာ ၂၉ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ပထမအသုတ် တူရကီနိုင်ငံသို့ရောက်ရှိတော့မည် ဖြစ်ကြောင်းသိရသည်။ တူရကီနိုင်ငံတွင် COVID-19 ကာကွယ်ဆေးစမ်းသပ်မှု ရလဒ်များအရ တရုတ်နိုင်ငံ၏ CoronaVac ကာကွယ်ဆေးမှာ ၉၁.၂၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca က ဆိုသည်။

တရုတ် နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် Sinovac’s ကာကွယ်ဆေး လုပ်ငန်းက တူရကီနိုင်ငံတွင် CoronaVac ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်စစ်ဆေးမှုကို ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း နှင့် ထိုသို့ဆောင်ရွက်စဉ်တွင် ဘေးထွက်ဆိုးကျိုး ကြီးမားစွာမတွေ့ရှိကြောင်းဆိုသည်။

တူရကီ အစိုးရက တရုတ်နိုင်ငံမှ ကာကွယ်ဆေး သန်း ၅၀ ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီးနောက် တရုတ်နိုင်ငံ၏ ကာကွယ်ဆေး ၃ သန်းသည် တူရကီနိုင်ငံသို့ ပထမအသုတ်အဖြစ်ရောက်ရှိမည်ဖြစ်ပြီး ကျန်သည့် ကာကွယ်ဆေးများမှာလည်း ဖေဖော်ဝါရီလကုန်ပိုင်းအထိ တူရကီနိုင်ငံသို့ တဖြည်းဖြည်း ‌ရောက်ရှိလာမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးကဆိုသည်။ ကာကွယ်ဆေးရရှိပါက တူရကီနိုင်ငံ၏ ကျန်းမာရေးဝန်ထမ်းများအား ပထမ ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.