Videos
တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်းနှစ် ၇၀ ပြည့် အဖြစ် ပေကျင်းတာ့ရှင်းနိုင်ငံတကာလေဆိပ်ဖွင့်လှစ်
ပေကျင်း၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းတာ့ရှင်းနိုင်ငံတကာလေဆိပ်ကို စက်တင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ရာ China southern airlines လေကြောင်းလိုင်းက စတင်ပြေးဆွဲခဲ့ကြောင်းသိရသည်။ အဆိုပါလေဆိပ်မှ ၂၀၂၅ ခုနှစ်အရောက်တွင် ခရီးသည် ၇၂ သန်းနှင့် ကုန်စည် တန်ချိန် ၂သန်းခန့် အားပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် လေဆိပ်သစ်ကြီးကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)