Connect with us

Videos

၂၀၁၉ နှစ်လယ်ပွဲ ယူရို ၅၀၇ သန်းဖိုးခန့်ရောင်းရ

နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

၂၀၁၉ စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်နေ့အထိ ပြုလုပ်ခဲ့သော ၂၀၁၉ နှစ်လယ် မြန်မာ့ ကျောက် မျက် ရတနာ ပြပွဲ ( ၅၇ ကြိမ်မြောက်ပွဲ)၌ ယူရိုငွေ ၅၀၆ ဒသမ ၉၁၄၃၀၆ သန်းဖိုး ရောင်းချခဲ့ရသည်ဟု ကျောက်စိမ်း၊ ကျောက်မျက် လုပ်ငန်းကော်မတီ ဥက္က ၊မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အထွေထွေ မန်နေဂျာ၊ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးမင်းသူက စက်တင်ဘာ ၂၅ ရက် ၌ ကျင်းပခဲ့သည့်  သတင်းစာ ရှင်းပွဲတွင် မီဒီယာသို့ ပြောကြားခဲ့သည်။

ယခုနှစ်ပွဲတွင် ကျောက်စိမ်း အတွဲ ၇၈၁၁ တွဲ တင်ပြခဲ့ရာမှာ ၅၈၄၅တွဲ၊ တန်ဖိုးအားဖြင့် ယူရို ၅၀၆ ဒသမ ၅၃၅၄၁၇ သန်းဖိုး၊ ကျောက်မျက် ၄၈၁ တွဲတင်ပြခဲ့ရာမှာ အတွဲ ၄၀၊ တန်ဖိုးအားဖြင့် ၀ ဒသမ ၃၇၈၈၈၉ သန်း၊ စုစုပေါင်း ၅၀၆ ဒသမ ၉၁၄၃၀၇ သန်းဖိုး ရောင်းချခဲ့ရ ကြောင်းသိရသည်။

ယခုပွဲအား ကျောက်စိမ်းရော ကျောက်မျက်ပါ တစ်ပွဲလုံး ခြုံကြည့်ပါက ရောင်းချရသည့်ပမာဏမှာ ကောင်းသည်ဟု သုံးသပ်နိုင်ကြောင်း၊ ယခင်ပွဲ များနှင့် ယှဉ်ကြည့်လျှင် ကျောက်မျက် အတွဲများ၏ ရောင်းအားကမူ နည်းပါးခဲ့ကြောင်း၊ ကျောက်မျက် ထွက်ရှိမှုကလည်း ကျောက်မျက် ဥပဒေသစ်အရ ရတနာ လုပ်ကွက်များ ရပ်ဆိုင်းထားရခြင်းကြောင့် အရည်အသွေးကောင်း ကျောက်မျက်များ အထွက်နည်းခြင်း၊ ထွက်သည့် အရေအတွက်လည်း နည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပွဲများနှင့် ယှဉ်ပါက ရတနာကုန်သည်များ၏ စိတ်ဝင်စားမှုမှာ ပိုများလာကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.