Videos
တရုတ်သိပ္ပံပညာရှင်များက အသိဉာဏ်အစားထိုး ချစ်ပ်ပြား ပုံစံသစ်တစ်မျိုးကို တီထွင်
ပေကျင်း၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)
တရုတ်သိပ္ပံပညာရှင်များက အသိဉာဏ်အစားထိုး ချစ်ပ်ပြား ပုံစံသစ်တစ်မျိုးကို တီထွင်အောင်မြင်ခဲ့ပြီးနောက် ၎င်း ချစ်ပ် ပြားကို မောင်းသူမဲ့ စက်ဘီးအတွင်း ထည့်သွင်းကာ စမ်းသပ်အသုံးပြုခဲ့ကြောင်းသိရသည်။ ၎င်း မောင်းသူမဲ့ စက်ဘီးမှာ သွားရန် သတ်မှတ်ထားသည့်နေရာနှင့် လမ်းကြောင်းကို ထောက်လှမ်းနိုင်ပြီး အတားအဆီးများကို ရှောင်ရှားနိုင်ကာ အလိုအလျောက် ဟန်ချက်ထိန်းနိုင်ပြီး အသံဖြင့် အမိန့်ပေးနိုင်ကြောင်းသိရသည်။ ထို့အပြင် စက်ဘီးအတွင်းရှိ ချစ်ပ်ပြားတွင်ထည့်သွင်းထားသည့် စဉ်ဆက်မပြတ်တွက်ချက်နေသည့် အယ်လ်ဂိုရက်သမ် နည်းပညာများကြောင့် စက်ဘီးအနေဖြင့် အလိုအလျောက် ရုတ်ချည်းဆုံးဖြတ်ချက်ချနိုင်စွမ်းလည်းရှိသည်။ ချစ်ပ်ပြား ကို Tianjic chip ဟု အမည်ပေးထားပြီး Tsinghus တက္ကသိုလ်၏ အသိဉာဏ်အစားထိုး ကွန်ပျူတာ နည်းပညာလေ့လာသုတေသန စင်တာမှ ပါမောက္ခ shi Luping နှင့် အဖွဲ့က တီထွင်ကာ Nature Magazine တွင် ဖော်ပြခဲ့သည်။ သုတေသီများက အသိဉာဏ်တု နည်းပညာဆိုင်ရာ ယေဘုယျ ကျသည့် လုပ်ငန်းများတွင် လေ့လာသည့်နေရာတွင် ပိုမို ထိရောက်မြန်ဆန်သည့် အဖြေရလဒ်များကို ထုတ်ဖော်နိုင်ရန်အလို့ငှာ အဆိုပါ ချစ်ပ်ပြားများကို အသုံးပြုရန်ရည်ရွယ်ပြီး ၎င်းမှ အနာဂတ်တွင် အသိဉာဏ်တု နည်းပညာလုပ်ငန်းများစွာ ၌ တိုးတက်ဖွံ့ဖြိုးစေနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)