Videos
သစ်သားဖြင့်ပြုလုပ်ထားသည့် စက်ဘီး
ပေကျင်း၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဖျိန်းလျန်တွင် လက်မှုပညာကို ကျွမ်းကျင်ပိုင်နိုင်သည့် တရုတ်လူမျိုး လယ်သမားတစ်ဦးမှာ ပုံမှန်စက်ဘီးများကဲ့သို့စီးနင်းနိုင်သော စက်ဘီးတစ်စင်းကို သစ်သားဖြင့်ပြုလုပ်ခဲ့သည်။ စက်ဘီးတစ်စင်းလုံးအား သစ်သားများကိုသာအသုံးပြုထားခြင်းဖြစ်ပြီး သံဖြင့်တွယ်ဆက်ရန် လိုအပ်သည့်နေရာများတွင်လည်း သံအစား သစ်သားချောင်းများကိုသာ အသုံးပြုကာ ဖန်တီးထားသည်။ အသက် ၅၅ နှစ်ရှိပြီဖြစ်သည့် ဟဲယုံ ဆိုသည့် လယ်သမားကြီးက ရိုးရာ ကျင်တွယ် ရွေးနည်းပညာရပ်များကို အသုံးပြုကာ သစ်သားစက်ဘီးတစ်စီးကိုဖန်တီးခြင်းဖြစ်ပြီး စက်ဘီး၏ ဘီးများ၊ ဝင်ရိုးများနှင့်လက်ကိုင်များ နေရာတွင် သစ်သားများဖြင့်သာဖြည့်စွက် ပြုလုပ်ထားခြင်းဖြစ်သည်။ စက်ဘီးမှာ အရှည်အားဖြင့် ၅ပေ ရှိပြီး အမြင့်မှာ ၃ပေခန့်ရှိသည်။ ၎င်းသစ်သား စက်ဘီးကို ပုံမှန်အသုံးပြုနေကျ စက်ဘီးများကဲ့သို့စီးနင်း နိုင် သည်။(Xinhua)