Videos
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေ ၊ ၁၁ ဦး ဒဏ်ရာရ
နယူးယောက် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ဘရွတ်ကလင်းရပ်ကွက်(Brooklyn)၌ ဇူလိုင် ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ဌာန(NYPD) ၏ ပြောကြားချက်အရ သိရသည်။
ဒေသစံတော်ချိန် ည ၁၁ နာရီခန့်တွင် လူအမြောက်အမြား ပါဝင်ဆင်နွှဲသည့် ရုံပြင်ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပနေစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ပြီး အခြားလူအချို့မှာလည်း စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒေသမီဒီယာက ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိသေးကြောင်း သိရသည်။(Xinhua)