Connect with us

Videos

တရုတ်နိုင်ငံထုတ်တတိယမြောက် C919 လေယာဉ်ခရီးဝေးစမ်းသပ်ပျံသန်း

ရှန်ဟိုင်း၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ထုတ်လုပ်သည့် တတိယမြောက် C919 လေယာဉ် သည် ဇူလိုင် ၂၆ ရက်က ရှန်ဟိုင်းမြို့ နှင့် ရှီအန်းမြို့သို့ ခရီးဝေးစမ်းသပ်ပျံသန်းခဲ့ပြီး ရှီအန်းမှအခြားမြို့များဆီသို့ ဆက်လမ်းစမ်းသပ်ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တတိယမြောက် C919 လေယာဉ်ကြီးက ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ က ၎င်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင် ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး COMAC က ထုတ်လုပ်ခဲ့ပြီး နောက်ထပ် လေယာဉ် ၆ စင်းကို ထပ်မံထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။ ပထမဆုံး C919 လေယာဉ်ကို ၂ဝ၁၇ ခုနှစ် မေလ ၅ ရက်နေ့က စမ်းသပ်ပျံသန်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.