Videos
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက်ထက် ကျော်လွန်ပြီဟုဆို (ရုပ်သံ)
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရုပ်သံ တည်းဖြတ်/စုဝင့်၊ ရိုက်ကူး/ဝေယံ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှု အရေအတွက်မှာ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ရရှိနေပြီ ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဆင်ဟွာသို့ အတည်ပြု ပြောကြားခဲ့သည်။
လက်ရှိ အခြေအနေတွင် အစိုးရဖွဲ့နိုင်သည့် မဲအရေအတွက်ထက် များစွာ ကျော်သွားပြီ ဖြစ်ကြောင်း ၊ ၂၀၁၅ ခုနှစ်တွင် နိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အရေအတွက်ထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၆၄၂ ဦးအနက် ထက်ဝက်ကျော် အရေအတွက်ထက် ကျော်လွန်ပြီး ကိုယ်စားလှယ် ၃၂၂ ဦး ရရှိသော ပါတီသည် အစိုးရဖွဲ့နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)