Videos
၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် အမြန်ရထားလမ်းပိုင်း စမ်းသပ်ပြေးဆွဲ
ယန်ချင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် အဓိကသယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခုဖြစ်သော ပေကျင်း-ကျန်းကျားခို အမြန်ရထားလမ်း၏ ယန်ချင်းလမ်းပိုင်းကို စမ်းသပ်ပြေးဆွဲနေခြင်းဖြစ်သည်။
အဆိုပါ ယန်ချင်းရထားလမ်းသည် အိုလံပစ်ပြိုင်ပွဲများ ကျင်းပရာဇုန် သုံးခုအနက် တစ်ခုဖြစ်သော ပေကျင်းမြို့ရှိ ယန်ချင်းခရိုင်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ထိုရထားလမ်းပိုင်းသည် အရှည် ၉.၃၃ ကီလိုမီတာရှိပြီး တစ်နာရီလျှင် အမြန်နှုန်း ၁၆၀ ကီလိုမီတာဖြင့် ပြေးဆွဲနိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ (Xinhua)